(အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅၆)
မိန်းကလေး တယောက်ကနေ အကျိုးတခုခုကို မျှော်ကိုးပြီး မမှန်ဘဲနဲ့ အပျိုစစ်ပါတယ်လို့ ပြောလိုက်တာကို Virginity fraud အပျိုရည်-လိမ်တယ်၊ Virginity lie အပျိုရည်-မုသား နဲ့ Chastity fraud အဗြဟ္မစရိယ-အကျင့် လို့လဲ ခေါ်တယ်။
Paternity fraud မိဖ မစစ်ဘူးဆိုတာလိုဘဲ ဒီ အယူအဆဟာလဲ ငြင်းခုန်စရာ တခုပါဘဲ။ အပျို စစ်-မစစ်ရဲ့ Definition အဓိပ္ပါယ်ဖွင့်မှု နဲ့ Importance အရေးပါမှု ဆိုတာကို လူ့အသိုင်းအဝိုင်းမှာ တသဘောထဲ မရှိပါ။ Sexual double standard ကျား-မ နှစ်ခွအမြင် ရှိတာနဲ့ မရှိတာမှာ ကွာကြတယ်။
Female virginity အပျိုစစ်မှုကို
1. Hymen အပျိုမြှေး ရှိတာ-မရှိတာနဲ့ တိုင်းမလား။
2. Philosophical criteria ဒဿနိက-သတ်မှတ်ချက်ကော ထားမလား။
လူမှုအသိုင်းအဝိုင်းတွေက မတူကြပါ။ Rape victim အဓမ္မပြုကျင့်ခံရသူမျိုးကို အကဲဖြတ်တာတော့ တူကြတာ များပါတယ်။ မိန်းကလေး တယောက် Boyfriend ယောက်ျားလေးအဖေါ် ထားပြီဆိုကတည်းက (လိင်ဆက်ဆံမှု မရှိအုံးတော့) တန်ဘိုး သတ်မှတ်မှုမှာ အမှတ် လျော့ခံရပြီ။ Lesbian sexual activity မိန်းကလေးချင်းချင်း လိင်ကိစ္စထိ ရောက်ကြအုံးတော့ စောစောက မိန်းကလေးလောက် အမှတ် မလျှော့တတ်ဘူး။
ရှေးခေတ်လို့ ပြောရမယ်၊ ခုခေတ်လဲ ရှိတော့ ရှိသေးတာပါ၊ မင်္ဂလာဦးညမှာ အိပ်ယာခင်း၊ အဝတ်အစားမယ် ကညာမြှေးစုတ်လို့ ထွက်တဲ့ သွေးစွန်းတာ လက်တွေ့ မြင်ရမှသာ သတို့သမီးဟာ အပျိုစစ်ခဲ့ပါတယ် ဆိုတာရဲ့ Proof သက်သေခံ ဖြစ်တယ်။ ဒီအချက်ကို Marriage contract မင်္ဂလာဆောင် (ကန်ထရိုက်) စာချုပ်ကတည်းက တည့်ထားတတ်တယ်။ ဘယ်ရမလဲ လူဆိုတာ ကြံရည်-ဖန်ရည် ရှိတယ် မဟုတ်လား။ ခေတ်လူတွေမှ တော်ကြတယ် မထင်ပါနဲ့။ Techniques to simulate the bleeding သွေးအတု လုပ်နည်းတို့ Physical sensation of rupture စုတ်ပြဲသွားလို့ နာကျင်မှု အယောင်ဆောင်တို့ ဆိုတာတွေလဲ ရှေးကတည်းက ရှိနေခဲ့ပါတယ်။
Methods of detection ဘယ်လို စမ်းသပ်မလဲ -
1. Hymen restoration
2. ဆရာဝန်နဲ့ မလုံလောက်ရင် "စုံထောက်" အားကိုးကြတာလဲ ရှိတယ်။ Private detective တွေက မိန်းကလေးရဲ့ သမီးရည်းစားထား သမိုင်း ပြန်လှန်မယ်။ သွားဘူး-လာဘူးတဲ့ ဆေးရုံ-ဆေးခန်းတွေ လိုက်စုံစမ်းမယ်။ မပေါ်ပေါ်အောင် ဖေါ်မယ်။
အနောက်နိုင်ငံတွေမှာ Hymen
ပြဿနာ များတာက မွတ်ဆလင်တွေမှာ ဖြစ်မယ်။ ၂ဝဝ၆ တုံးက ပြင်သစ်နိုင်ငံ Lille မှာနေတဲ့ သတို့သားက သူ့ သတို့သမီးကို အပျိုမစစ်လို့ မယူတော့ဘူး ငြင်းခဲ့တယ်။ မိန်းကလေးကလဲ စစ်ပါတယ်ပြောပေမဲ့ အယူခံ မတက်တော့ ယောက်ျားလုပ်သူက အနိုင်ရလိုက်တယ်။
၂ဝဝ၉ ရောက်တော့ မီဒီယာ အာရုံစိုက်မှုများတဲ့ကြားကနေ
မိန်းကလေးက မုသားဆိုအုံးတော့ အိမ်ထောင်သည်ဘဝအတွက် အပျိုရည်ပျက်လဲ ကိစ္စမရှိဘူးတဲ့။ သူ့အတိတ်ဟာ အတိတ်ဘဲတဲ့။
Dr. တင့်ဆွေ

