ကလို့ထူးဘော DKBA တပ်များ ကရင်ပြည်နယ် ဟတ်ကြီးရေကာတာစီမံကိန်းဒေသမှ
မနက်ဖြန် စနေနေ့ကို နောက်ဆုံးထား၍ ထွက်ခွာပေးရန် မြန်မာ့တပ်မတော်က
အကြောင်းကြားထားသည်။
ကချင်ဒေသ သေနတ်သံ တိတ်သွားချိန် ထွက်ပေါ်လာသော ဤရာဇသံကြောင့် အစိုးရတပ်တို့၏
ထိုးစစ်က ကရင်ပြည်နယ်ဘက် လှည့်လာတော့မည်လောဟု တွေးစရာ ဖြစ်နေသည်။
ငြိမ်းချမ်းရေးဆက်လက် ထိန်းသိမ်းထားရန်မှာ သေနတ်ကိုင်ထားကြသည့်
နှစ်ဘက်လုံးပေါ်တွင် မူတည်နေသည်။
အစိုးရတပ်၏ ရာဇသံကို DKBA ပယ်ချလိုက်ကြောင်း ကလို့ထူးဘော အခြေချ
စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဆန်းအောင်က ပြောသည်။
“ဒီနယ်မြေကကိုယ့်နေရာပဲ။ ဖယ်ပေးစရာအကြောင်းမရှိဘူး။ ဒီက ဖယ်ပေးလိုက်ရင်
ထိုင်းဘက်ရောက်ဘိဖို့ပဲ ရှိတော့မယ်” ဟု ဧရာဝတီသတင်းဌာနကို ယနေ့
နံနက်ပိုင်းက ပြောသည်။
“အတင်းအကြပ်ရွှေ့ခိုင်းမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးရဲ့ဆိုးကျိုးကိုပဲ
ဖြစ်စေမယ်” ဟု ဆိုသည်။
ဒီကေဘီအေသည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး
ပြုလုပ်ထားခြင်းဖြစ်သည့်အတွက် အောက်ခြေစစ်တပ်နှင့် စကားပြောရန်အကြောင်း
လုံးဝ မရှိကြောင်း၊
မြောက်ကိုရီးယားနှင့် တရုတ်နိုင်ငံထုတ် လက်နက်များဖြင့် မိမိတို့ကို
အကြမ်းဖက် တိုက်ခိုက်လာပါက ပြန်လည်ခုခံမည်ဟုလည်း သူက ဖြည့်စွက်ပြောကြားသည်။
အစိုးရတပ်၏ ရာဇသံ လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက မြိုင်ကြီးငူတွင်
(ကရင်ပြည်နယ်)နယ်ခြားစောင့်တပ်နှင့် DKBA တို့ ဖြစ်ပွားခဲ့သည့် ၃ ရက်ကြာ
တိုက်ပွဲ နှင့် ဆက်စပ်နေသည်ဟု
၎င်းတိုက်ပွဲတွင်ပါဝင်ခဲ့သည့် DKBA ဗိုလ်မှူးရှာထူးဝေါ်က ပြောသည်။
“ဒီတိုက်ပွဲဖြစ်တာလည်း သူတို့ရဲ့အကြံအစည်ပဲ။ ကျွန်တော်တို့ဘက်ကတော့
တပ်တွေကို ဖယ်ပေးစရာမရှိဘူး။ အရင်ကလည်းမြိုင်ကြီးငူကနေ
လက်ရှိနေရာကိုပြောင်လာခဲ့တာဘဲ ထပ်ပြီးဘယ်ကိုမှပြောင်းစရာမရှိတော့ဘူး” ဟု
ဗိုလ်မှူးရှာထူးဝေါ်က ပြောသည်။
ဒေသတွင်း တုံ့ပြန်ချက်တချို့
----------------------------
DKBA ကို တိုက်လျှင် လက်ပိုက်ကြည့် နေမည်မဟုတ်ဟု KNU/KNLA
ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးကြီးတိုက်ဂါးက ဧရာဝတီသို့ ပြောသည်။
အစိုးရ၏ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့အနေနှင့် လက်ရှိအခြေအနေများကို
ဝင်ရောက်ထိန်းသိမ်းပေးရန် DKBA အဖွဲ့က တောင်းဆိုလိုက်ပြီး ပြေလည်မှု မရပါက
ဆိုးကျိုးများသာဖြစ်ပေါ်စေမည်ဟု ပြောသည်။
၃ ရက်ကြာတိုက်ပွဲနောက်ပိုင်း ဒေသတွင်းတင်းမာမှု ဆက်လက်ကျန်ရှိနေသေးသည့်အတွက်
တိုက်ပွဲများ အချိန်မရွေး ပြန်ဖြစ်နိုင်သည်ဟု ဒေသခံတို့ကပြောသည်။
ဤအတောအတွင်း တပ်ရင်းတပ်ဖွဲ့များကိုတပ်လှန့်ထားသည်ဟု (ကရင်ပြည်နယ်)
နယ်ခြားစောင့်တပ် တပ်မှူးတဦးကပြောသည်။
ဟတ်ကြီးရေကာတာစီမံကိန်း
---------------------------
DKBA တို့ တပ်စွဲထားသည့်နေရာသည် ဟတ်ကြီးရေကာတာ စီမံကိန်း နယ်မြေ
အနီးတွင်ဖြစ်သည်။
ပြီးခဲ့သည့်နှစ်အတန်ကြာက အစပြုခဲ့သည့် ဟတ်ကြီးရေကာတာစီမံကိန်းသည်
သံလွင်မြစ်နှင့် ဒေသဝန်းကျင်၏ သဘာဝကို ထိခိုက်ပျက်စီးစေသည်ဟု ဆိုကာ ဒေသခံ
အများအပြားက ကန့်ကွက်နေကြသည်။
စီမံကိန်းကို သဘောမတူသောကြောင့်လည်း DKBA က ထိုနေရာမှ ထွက်ခွာရန်
ငြင်းဆန်နေခြင်းဖြစ်သည်ဟု ဆိုသည်။
“အများပြည်သူရဲ့ဆန္ဒမပါဘဲ လုပ်မယ့် ဟတ်ကြီးရေကာတာ စီမံကိန်းကို
ကျွန်တော်တို့ လုံးဝ ခွင့်မပြုနိုင်သလို ဒီနေရာကနေလည်း
ဘယ်ကိုမှာရွှေ့ပြောင်းပေးမှာ မဟုတ်ဘူး။
သံလွင်မြစ်အပါအ၀င် ကရင်ပြည်နယ်ရဲ့သဘာဝတော တောင်ရေမြေတွေနဲ့ သယံဇာတတွေကို
ကာကွယ်ထိန်းသိမ်းသွားဖို့ တာဝန်ရှိတယ်” ဟု DKBA ဗိုလ်မှူးရှာထူးဝေါ်က
ပြောသည်။
သေနတ်သံ အဆက်မပြတ် ထွက်ခဲ့သည့် ကရင်ပြည်နယ်သည် ကာလအတန်ကြာ
ငြိမ်းချမ်းခဲ့ပြီး ယခုအခါ တိုက်ပွဲကြီးငယ်များ ပြန်ထွက်လာနိုင်သည့်
အရိပ်အယောင်တချို့ တွေ့နေရသည်။
တိုက်ပွဲဖြစ်မည် သို့မဟုတ် ငြိမ်းချမ်းရေး ဆက်ထိန်းမည် ဆိုသည်တို့မှာ
လက်နက်ကိုင်ထားကြသူတို့၏ ဆုံးဖြတ်ချက်အပေါ်တွင် အဓိက မူတည်နေသည်ဟု
ဆိုရမည်ဖြစ်သည်။
(ဓာတ်ပုံ-ပြည်တော်မြင့်/ဧရာဝတီ)
Minimal Design
Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard dummy text ever since the 1500s, when an unknown printer took a galley of type and scrambled it ...
Easy to use theme’s admin panel
Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard dummy text ever since the 1500s, when an unknown printer took a galley of type and scrambled it ...
Featured posts
Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard dummy text ever since the 1500s, when an unknown printer took a galley of type and scrambled it ...
Hello, I am Vk bhardwaj and i do awsome Blogger Template Designs for your blog, download templates at Www.BestTheme.Net. Thanks A Lot
DKBA ကို တိုက်လျှင် လက်ပိုက်ကြည့် နေမည်မဟုတ်ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးကြီးတိုက်ဂါးပြော
Blog Archive
-
▼
2013
(29)
-
▼
May
(29)
- KNU အတွက် ကရင်အဖွဲ့များရဲ့ တိုက်တွန်းချက်
- အစိုးရက KNU ကို ပေးတဲ့ ကားလိုင်စင် လက်ဆောင်
- ကိုယ်ပျောက် ကင်းလှည့်ရေယာဉ် အသုံးပြုရန် အမေရိကန်နှ...
- Karen New Year 2013 KNU-KNLA
- KNU ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့အားကြိုဆိုပွဲ
- DKBA 2nd Press Confrence
- BGF ၂နှစ်ပြည့် အခန်းနား
- ဗိုလ်နှုတ်ခမ်းမွှေးသတင်းစာရှင်းလင်းပွဲ (ကော်သူမွဲခီ)...
- ဒေါ်နန်းစေအွာကို လူမှု ထူးချွန်ဆုချီးမြှင့်
- ဘိလပ်မြေစက်ရုံတည်ဆောက် မည်ကို မိကရင်ရှိသံဃာနှင့် လ...
- အစိုးရ ရာဇသံကို ငြိမ်းချမ်းရေး တပ်ဖွဲ့ များက စုပေါ...
- အစိုးရနှင့် ဆွေးနွေး ရမည့် အချက်များ DKBA ပြင်ဆင်
- DKBA နှင့် BGF ကြား ပြသနာ ဖြေရှင်းရန် အစိုးရ ကိုယ်...
- ကရင်စာပေ တိုးတက် ပြန့်ပွားရေး အတွက် ၀ိုင်းဝန်း အား...
- ကမ္ဘာတစ်လွှားထင်ပေါ်ကျော်ကြား ဗုဒ္ဓဘာသာဝင်များ
- ထိုင်းဘုရင်မင်းမြတ်အား အကြိုဂါဝရပြုပွဲ (OKRSO) ကရင...
- Virginity fraud အပျိုရည် ပျက်ခြင်း
- ပုသိမ်၊ ချောင်းသာမြို့နယ်ထဲက ဗိုလ်ဗိုလ်ကျော် ကိုယ့...
- ကရင်ပြည်နယ်အစိုးရမှ ကရင် ဒုက္ခသည်အိမ်ခြေ ၅၀ခန့် အစမ...
- DKBA ကို တိုက်လျှင် လက်ပိုက်ကြည့် နေမည်မဟုတ်ဟု KNU...
- ကရင်မဟုတ်သောသူတွေ ကရင်ကိုမောင်းထုတ်နေကြောင်း ဗိုလ်...
- အစိုးရ ရာဇသံကို ငြိမ်းချမ်းရေး တပ်ဖွဲ့ များက စုပေါ...
- ဘုရင့်ညီနောင်ဂူ ဘုရားဖူးများ နေ့စဉ် လာရောက်လည်ပတ်
- ထိုင်းနိုင်ငံသားများ အိမ်နီးချင်းနိုင်ငံများ၏ ဘာသ...
- နွမ်းပါးသည့် ကလေးငယ်များ စိတ်ဓာတ်မြှင့်တင်ရေးပွဲ န...
- ထိုင်းကားမောင်းအဖွဲ့ မန္တလေးမှတဆင့် ပုဂံသို့ သွားမည်
- DKBA တပ်ရင်းများ ရွှေ့မပေးနိုင်
- နွမ်းပါးသည့် ကလေးငယ်များ စိတ်ဓာတ်မြှင့်တင်ရေးပွဲ န...
- တိုင်းရင်းသား ဘာသာစကား မီဒီယာကွန်ရက်ဖွဲ့မည်
-
▼
May
(29)
Author
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "
