ကရင်စာပေ သင်ကြားရေး သင်တန်းဆင်းပွဲ ကျင်းပခြင်း
(ဓါတ်ပုံ အင်တာနက်)
ကရင် တိုင်းရင်းသား ပြည်သူများ ခင်ဗျား၊
တိုင်းရင်းသား ကရင် စာပေနှင့် ယဉ်ကျေးမှု ကော်မတီ တက္ကသိုလ်များ (ရန်ကုန်)မှ “တက္ကသိုလ် မဂ္ဂဇင်း” ထုတ်ရန်
ရှိပါသည်။ ရပ်နီး ရပ်ဝေးမှ စာပေ ၀ါသနာ ရှင်များ၊ ကရင် တိုင်းရင်သားများ
အားလုံး မြန်မာ ဘာသာဖြင့် လည်းကောင်၊ အရှေ့ ပိုးကရင် ဘာသာဖြင့် လည်းကောင်၊
အနောက် ပိုးကရင် ဘာသာဖြင့် လည်းကောင်း၊ စကော ကရင် ဘာသာဖြင့် လည်းကောင်း
စာမူများ ရေးသား ပေးပို့ နိုင်ပါသည်။
ယခင် လပိုင်းတွင်ကရင် ရဟန်း တော်များ မဂ္ဂဇင်း ထုတ်ခဲ့ပြီး၊ ယခု မေလ အတွင်း တက္ကသိုလ် မဂ္ဂဇင်း ထုတ်ရန် စီစဉ် ထားပါသည်။ ထို့အပြင် လပ်ပြာချည်ပွဲ အမှီ ဝေါင်းရော် ပလီလမု စာစောင် ထုတ်ရန်လည်း ရှိပါသည်။
မှတ်ချက်။ ။ စာမူ ပေးပို့ ရာတွင် အမည်၊ မှတ်ပုံတင် အမှတ်၊ နေရပ် လိပ်စာ၊ (ဖုန်း) ရှိလျှင်၊ ကိုယ်ပိုင် ရေးသားသော စာမူဖြစ်ကြောင်း ထောက်ခံချက်နှင့် မည်သည့် စာစောင်၊ မဂ္ဂဇင်းမှ မဖော်ပြ ရသေးကြောင်း ၀န်ခံချက် ပါရှိရမည်။
Ref: http://www.phophtawnews.org