Minimal Design

Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard dummy text ever since the 1500s, when an unknown printer took a galley of type and scrambled it ...

Easy to use theme’s admin panel

Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard dummy text ever since the 1500s, when an unknown printer took a galley of type and scrambled it ...

Featured posts

Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard dummy text ever since the 1500s, when an unknown printer took a galley of type and scrambled it ...

Hello, I am Vk bhardwaj and i do awsome Blogger Template Designs for your blog, download templates at Www.BestTheme.Net. Thanks A Lot

DKBA နှင့် အစိုးရတို့ အပစ်အခတ် ရပ်ရေး ဆွေးနွေးစဉ် DKBA နှင့် အစိုးရတို့ အပစ်အခတ် ရပ်ရေး ဆွေးနွေးစဉ် (ဓါတ်ပုံ DKBA)



ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) နှင့် အစိုးရ နယ်ခြား စောင့်တပ် (BGF) ကြား ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းရန် အစိုးရ ကိုယ်စားလှယ် များနှင့် DKBA ခေါင်းဆောင်များ ကရင်ပြည်နယ် မြ၀တီ မြို့နယ် ဆုံဆည်းမြိုင် ကျေးရွာ၌ ယမန်နေ့တွင် တွေ့ဆုံ ဆွေးနွေး ခဲ့သည်ဟု ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး မောင်လေးက ဆိုပါသည်။

“ DKBA နဲ့ BGF အဖွဲ့ကြား ဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခတော့ မဟုတ်ဘူးဗျ။ အောက်ခြေက ကိုယ်ရေး ပြသနာရှိခဲ့တဲ့ သူတွေ အချင်းချင်း ဖြစ်တဲ့ ပြသနာပါ။ ဒါကို နှစ်ဖက် လူကြီးတွေက နည်းလမ်း ရှာပြီး လိုက်လံ ဖြေရှင်း ပေးနေတဲ့ သဘောဘဲ ဖြစ်ပါတယ်။ အစိုးရ ဖက်ကတော့ ဒီပြသနာကို ပြေလည်အောင် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ခဲ့တဲ့ အခြေအနေ အကြောင်းရင်းတွေကို အရင် လေ့လာ ဆန်းစစ်ဖို့ သမ္မတ အကြံပေးတွေနဲ့ လွှတ်လိုက်တာဖြစ်ပါတယ်။ဟု ဆိုပါသည်။ 

ယင်းဆွေးနွေးပွဲကို DKBA ဖက်မှ ဗိုလ်ချုပ် စောလားဖွယ်၊ ဗိုလ်ချုပ်မိုရှေး၊ ဗိုလ်မှူးချုပ်ကျော်သက်နှင့် ဗိုလ်မှူးချုပ် ကျော်ဘိတို့တက်ရောက်ခဲ့ပြီး အစိုးရ ကိုယ်စားလှယ် ဖက်၌ ဒေါက်တာ ဇော်ဦးနှင့် ဦးအောင်နိုင်ဦးတို့က တက်ရောက်ခဲ့ ပါသည်။

ဒေါက်တာ ဇော်ဦးတို့သည် ပဏာမ အဆင့် အနေဖြင့် ပဋိပက္ခ ဖြစ်ပွား ခဲ့သော အခြေအနေများကို DKBA ထံမှ ဆွေးနွေး ခဲ့ပြီးနောက် ညပိုင်းတွင် BGF အဖွဲ့နှင့် ထပ်မံ ဆွေးနွေး ခဲ့ပါသည်။ ၄င်းတို့သည် ဤဆွေးနွေးချက်များမှ ရရှိသော တွေ့ရှိချက်များကို ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ထံ အရင် တင်ပြပြီးမှ မည်သို့ ဖြေရှင်းကြမည်ကို ဆုံးဖြတ်ကြမည်ဖြစ်သည်။ 

ဒီပြသနာကို အစိုးရနဲ့နောက်တကြိမ်တွေ့မှ ဆုံးဖြတ်ကြမယ်။ ပြီးတော့ ခနခန တွေ့ဖို့လည်း လိုလိမ့်မယ်လို့ပြောချင်တယ်။ အခုဖြစ်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခ ကတော့ အဖွဲ့အစည်းထက် ပုဂ္ဂိုလ်ရေး သိပ်ဆန်လွန်း ပါတယ်။ မီဒီယာ တွေမှာ ရေးနေကြသလို DKBA နဲ့ BGF အဖွဲ့အစည်းကြား ဖြစ်တဲ့ ပြသနာမျိုးတော့ မဟုတ်ပါဘူး။ ဒီတော့ ဖြေရှင်းရ မခက်ပါဘူး။ဟု ဗိုလ်မှူးမောင်လေးက ဆိုပါသည်။
ဤကဲ့သို့ ပဋိပက္ခ ဖြေရှင်းရန် လိုက်လံ ဆွေးနွေးချိန်၌  DKBA နဲ့ BGF အဖွဲ့ကြား နှစ်ဖက် တင်းမာမှု မရှိခဲ့ကြောင်း၊ ပစ်ခတ်မှု တချို့ အောက်ခြေ၌ ရှိခဲ့သော်လည်း၊ ပုဂ္ဂိုလ်ရေး အရသာ ဖြစ်သဖြင့် ကြီးထွား လာခြင်း မရှိကြောင်း DKBA ဖက်က ဆိုပါသည်။ 

DKBA နှင့် BGF အဖွဲ့တို့သည် ပြီးခဲ့သော ဧပြီလ (၂၇) ရက်နေ့၌ အောက်ခြေ တပ်များ အချင်းချင်း ပစ်ခတ် ခဲ့ကြသဖြင့် ထိုပြသနာကို ဖြေရှင်းရန် နည်းလမ်းရရေးအတွက် ယခုကဲ့သို့ တွေ့ဆုံ ဆွေးနွေးနေခြင်း ဖြစ်ပါသည်။ DKBA နှင့် BGF တို့သည် ၁၉၉၄ ခုနှစ်က တည်းက တဖွဲ့တည်း ရှိခဲ့ရာမှ ၂၀၁၀ ခုနှစ်တွင် အစိုးရ၏ ရွေးကောက်ပွဲ ပေါ်လစီကြောင့် နှစ်ပိုင်း ကွဲသွား ခဲ့သည်ဟု ယူဆကြပါသည်။ 

ဤသို့ကြောင့် ဗိုလ်ချုပ် စောလားဖွယ် ဦးဆောင်သော DKBA နှင့် အစိုးရ ဦးဆောင်သော နယ်ခြား စောင့်တပ် အသွင် ပြောင်းသွား ခဲ့ပါသည်။ မြိုင်ကြီးငူ ဆရာတော် ဦးသုဇနကမူ နှစ်ဖက် ပြန်လည် ပေါင်းစည်းရန် ဆော်သြနေသော်လည်း မူအရသာ လက်ခံကြပြီး လက်တွေ့ကျမှု မဖြစ်နိုင်သေးကြောင်း ဆိုကြပါသည်။ 


Ref: http://www.phophtawnews.org

Leave a Reply