Minimal Design

Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard dummy text ever since the 1500s, when an unknown printer took a galley of type and scrambled it ...

Easy to use theme’s admin panel

Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard dummy text ever since the 1500s, when an unknown printer took a galley of type and scrambled it ...

Featured posts

Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard dummy text ever since the 1500s, when an unknown printer took a galley of type and scrambled it ...

Hello, I am Vk bhardwaj and i do awsome Blogger Template Designs for your blog, download templates at Www.BestTheme.Net. Thanks A Lot

Archive for 2013


မြန်မာအစိုးရနှင့်ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင်   ကရင်အမျိုးသားများ၏ ကံကြမ္မာအတွက် အဓိကထား ထည့်သွင်းစဉ်းစားရန်၊ နိုင်ငံရေးအရအမြတ်ထုတ် အသုံးချခြင်း မခံရအောင် အထူးသတိပြုဆောင်ရွက်ရန်  ကရင်အမျိုးသားအရေးဆောင် ရွက်နေကြသည့် ပြည်တွင်းပြည်ပအဖွဲ့အစည်း ၄၀ကျော်က ကရင်အမျိုးသားအစည်းအရုံး (KNU) ကို တိုက်တွန်းလိုက်ကြသည်။


၉ ကြိမ်မြောက် နှီးနှောဖလှယ်ပွဲ မြင်ကွင်းတချို့ (ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ)


ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ်ရှိ KNU ၏ လေးဝါးစခန်းတွင် တနင်္လာနေ့မှ စတင်ပြီး   ၅ ရက်ကြာကျင်းပနေသည့် ၉ ကြိမ်မြောက် ကရင်အမျိုးသား အားလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲတွင် ထိုသို့ တိုက်တွန်းလိုက်ကြခြင်းဖြစ်သည်။

read more

အစိုးရနဲ့ ပဏာမ အပစ်အခတ် ရပ်စဲထားတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) အကြားမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအပြင် အစိုးရဘက်က ကရင်ခေါင်းဆောင်တွေကို ကားလိုင်စင် လက်ဆောင်ပေးပြီး ဆွဲဆောင်စည်းရုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။


ဒီနှစ် နေပြည်တော်မှာ ကျင်းပတဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို အစိုးရဘက်က ပဏာမ အပစ်အခတ်ရပ်စဲ ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုပါ ဖိတ်ကြားခဲ့ပြီး အဲဒီ အခမ်းအနားမှာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ကားလိုင်စင်လုပ်ရာမှာ အခွန်လျှော့ပေါ့ခွင့်၊ အထူး အခမဲ့ လုပ်ခွင့်တွေပါတဲ့ စာအိတ်တွေကို တစ်ဖွဲ့ချင်းစီ လက်ဆောင်အဖြစ် ပေးအပ်ခဲ့တာ ဖြစ်တယ်လို့ အဲဒီပွဲကို တက်ရောက်ခဲ့သူ တိုင်းရင်းသား ခေါင်းဆောင်တဦးက ပြောပါတယ်။

read more




l

read more

read more

read more

ထိုင်းအစိုးရ၏ စွတ်စွဲချက်ကို ဗိုလ်ချုပ်စောလားပွယ်ရဲ့ တုန့်ပြန်ရှင်းလင်းချက်ပါ။

read more

၂နှစ်ပြည့် နယ်ခြားစောင့်တပ် နှစ်ပတ်လည် အခမ်းအနားကို ကရင်ပြည်နယ် မြဝတီမြို့ရှိ မေတ္တာလင်းမြိုင် ရွာတွင် ပြုလုပ်ကျင်းပခဲ့ပြီး လူထု ပရိတ်သတ်ပေါင်း ၂ ထောင်ကျော်တက်ရောက် ခဲ့သည်။

read more

read more


ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် နန်းစေအွာကို လူမှုထူးချွန်သူအဖြစ် ကရင်ရဟန်းတော် များအသင်းမှ ယမန်နေ့ မေလ ၂၂ရက်နေ့က လူမှုထူးချွန်ဆု ဂုဏ်ပြုချီးမြှင့်လိုက်သည်။

read more

ကရင်ပြည်နယ်၊ ဖားအံမြို့ မိကရင်ကျေးရွာ အနီးတွင် (SHREE CEMET COMPANY) မှ ဘိလပ်မြေစက်ရုံတည်ဆောက်မည်ကို ကန့်ကွက်သည့်အနေဖြင့် မိကရင်ကျေးရွာအုပ်စု အတွင်းရှိ သံဃာနှင့်လူထု(၁၄၀၀)ကျော် လက်မှတ်ထိုး၍ မြန်မာအစိုးရထံသို့ ကန့်ကွက်စာ တင်လိုက်ပြီဖြစ်သည်။


ယင်းကန့်ကွက်စာကို ဖားအံမြို့အခြေစိုက် ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ (PFDP)သို့ အကူ အညီတောင်းခံကာ ထိုမှတဆင့် ယမန်နေ့ မေလ(၁၇)ရက်နေ့က ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ (PFDP)ဖာပွန်ရှိ ဖားအံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစီငွါက နေပြည်တော် ပြည်သူ့လွှတ် တော်ရုံး၊ စက်မှုဝန်ကြီးဌာနနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့သို့ပေးပို့လိုက်သည်ဖြစ်သည်။

read more

စိုးရ တပ်ဖွဲ့ များသည် ဟပ်ကြီး ရေကာတာကို အကြောင်းပြပြီး ငြိမ်းချမ်းရေး ရယူ ထားသော ကရင် လက်နက်ကိုင် များအား စစ်ဆင် ပါက စုပေါင်း ခုခံ သွားမည် ဖြစ်ကြောင်း ယမန်နေ့ မေလ () ရက်နေ့ကျင်းပ ခဲ့သော ပြည်တွင်း သတင်းထောက် များအား ခေါ်ယူ တွေ့ဆုံ ပွဲတွင် ကရင် ငြိမ်းချမ်းရေး အဖွဲ့များက ထုတ်ပြန် သွားပါသည်။

အစိုးရ တပ်ဖွဲ့ဟာ မေလ () ရက်နေ့ ည (၁၂) နာရီ နောက်ဆုံး ထားပြီး ဆုတ်ခွာ ခိုင်းတယ်။ DKBA အနေနဲ့ ဘယ်လိုမှ ဆုတ်ခွာလို့ မဖြစ်တော့ဘူး။ ဒါကြောင့် အစိုးရ ဖက်က စစ်ဆင် လာလို့ ရှိရင် ပြန်လည် ခုခံဖို့ဘဲ ရှိတော့တယ်ဟု DKBA ကလို့ ထူးဘော အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ဆိုပါသည်။

read more

ဗိုလ်မှူးချုပ် မိုရှေး DKBA နှင့် ဗိုလ်မှူးကြီးအောင်လွင် နယ်စပ်ရေးရာ ပြည်နယ်ဝန်ကြီးတို့ အပစ်အခတ် ရပ်စဲစဉ် ဗိုလ်မှူးချုပ် မိုရှေး DKBA နှင့် ဗိုလ်မှူးကြီးအောင်လွင် နယ်စပ်ရေးရာ ပြည်နယ်ဝန်ကြီးတို့ အပစ်အခတ် ရပ်စဲစဉ် (ဓါတ်ပုံ DKBA)

အစိုးရ ကိုယ်စားလှယ် များနှင့်တွေ့ဆုံ ဆွေးနွေးသည့် အခါ ကရင် ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းရန် အတွက် ကရင် ငြိမ်းချမ်းရေး အဖွဲ့များ ကရင် ပြည်နယ် ကော့ကရိတ်မြို့၌ ယမာန် နေ့တွင် တိုင်ပင် ဆွေးနွေးခဲ့ ကြသည်ဟု ကရင် ငြိမ်းချမ်းရေး ကော်စီမှ ပြောခွင့် ရသူ တီမိုသီက ဆိုပါသည်။

read more

DKBA နှင့် အစိုးရတို့ အပစ်အခတ် ရပ်ရေး ဆွေးနွေးစဉ် DKBA နှင့် အစိုးရတို့ အပစ်အခတ် ရပ်ရေး ဆွေးနွေးစဉ် (ဓါတ်ပုံ DKBA)

ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) နှင့် အစိုးရ နယ်ခြား စောင့်တပ် (BGF) ကြား ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းရန် အစိုးရ ကိုယ်စားလှယ် များနှင့် DKBA ခေါင်းဆောင်များ ကရင်ပြည်နယ် မြ၀တီ မြို့နယ် ဆုံဆည်းမြိုင် ကျေးရွာ၌ ယမန်နေ့တွင် တွေ့ဆုံ ဆွေးနွေး ခဲ့သည်ဟု ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး မောင်လေးက ဆိုပါသည်။

read more

ကရင်စာပေ သင်ကြားရေး သင်တန်းဆင်းပွဲ ကျင်းပခြင်း ကရင်စာပေ သင်ကြားရေး သင်တန်းဆင်းပွဲ ကျင်းပခြင်း (ဓါတ်ပုံ အင်တာနက်)
ကရင် တိုင်းရင်းသား ပြည်သူများ ခင်ဗျား၊
တိုင်းရင်းသား ကရင် စာပေနှင့် ယဉ်ကျေးမှု က်ာမတီ တက္ကသိုလ်များ (ရန်ကုန်)မှ တက္ကသိုလ် မဂ္ဂဇင်းထုတ်ရန် ရှိပါသည်။ ရပ်နီး ရပ်ဝေးမှ စာပေ ၀ါသနာ ရှင်များ၊ ကရင် တိုင်းရင်သားများ အားလုံး မြန်မာ ဘာသာဖြင့် လည်းကောင်၊ အရှေ့ ပိုးကရင် ဘာသာဖြင့် လည်းကောင်၊ အနောက် ပိုးကရင် ဘာသာဖြင့် လည်းကောင်း၊ စကော ကရင် ဘာသာဖြင့် လည်းကောင်း စာမူများ ရေးသား ပေးပို့ နိုင်ပါသည်။

read more



ကမ္ဘာတစ်လွှားထင်ပေါ်ကျော်ကြား ဗုဒ္ဓဘာသာဝင်များ


read more


ထိုင်းနိုင်ငံ၊ ဘန်ကောက်အခြစိုက် ကရင်ဒုက္ခသည်များဆိုင်ရာလူမှုစောင့်ရှောက်ရေးအဖွဲ့(OKRSO)မှ ယဉ်ကျေးမှုအဖွဲ့က ကရင့် ရိုးရာ ဒုံးအကများဖြင့် ထိုင်းဘုရင်မင်းမြတ်အား အကြိုဂါဝရပြုပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ဖျော်ဖြေခွင့်ရရှိခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ တောင်ပေါ်တိုင်းရင်းသားများမှ တစ်နိုင်ငံလုံး အတိုင်းအတာအရ ထိုင်းဘုရင်မင်းမြတ်အား အကြိုအဖြစ် ရိုသေဂါရ၀ ပြုရန် ဘန်ကောက်မြို့၊ Central World (DKK) ခမ်းမဆောင်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် (OKRSO)၏ ဒုံးအကအ ဖွဲ့က ထိုသို့ ဖျော်ဖြေခွင့်ရရှိခဲ့ခြင်းဖြစ်သည်ဟု (OKRSO)၏ ကရင်စာပေနှင့် ယဉ်ကျေးမှု ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေးကော်မ တီ ဥက္ကဌ စောစိပ်ပလောင်က ယခုလို ပြောသည်။

read more

(အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅၆)



                      မိန်းကလေး တယောက်ကနေ အကျိုးတခုခုကို မျှော်ကိုးပြီး မမှန်ဘဲနဲ့ အပျိုစစ်ပါတယ်လို့ ပြောလိုက်တာကို Virginity fraud အပျိုရည်-လိမ်တယ်၊ Virginity lie အပျိုရည်-မုသား နဲ့ Chastity fraud အဗြဟ္မစရိယ-အကျင့် လို့လဲ ခေါ်တယ်။

Paternity fraud မိဖ မစစ်ဘူးဆိုတာလိုဘဲ ဒီ အယူအဆဟာလဲ ငြင်းခုန်စရာ တခုပါဘဲ။ အပျို စစ်-မစစ်ရဲ့ Definition အဓိပ္ပါယ်ဖွင့်မှု နဲ့ Importance အရေးပါမှု ဆိုတာကို လူ့အသိုင်းအဝိုင်းမှာ တသဘောထဲ မရှိပါ။ Sexual double standard ကျား-မ နှစ်ခွအမြင် ရှိတာနဲ့ မရှိတာမှာ ကွာကြတယ်။

read more


ဘိန်း၊ ကင်း၊ ကစော်၊ လှော်စာ၊ အရက်ဆိုတဲ့ မူးယစ်ထုံထိုင်းစေတဲ့ အရာတွေ ကို အလွန်အကျွံသုံးစွဲမှီဝဲတတ်သူဟာ လူစိတ်ပျောက်ပြီး ခွေးစိတ်ရောက်ရှိ တတ်ကြောင်းကို ပုသိမ်၊ ချောင်းသာမြို့နယ်၊......ရပ်ကွက်ဖြစ်ရပ်က သတိပြုဆင်ခြင် သင်ခန်းစာထုတ်ယူစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုလို့ ဆိုပါရစေ။

လူစိတ်ရှိသူဆိုရင် ကောင်းမြတ်သောကိုယ့်အကျင့်အကြံ၊ စိတ်အကျင့်အကြံရှိရမှာဖြစ်သလို ယုတ်ညံ့တဲ့အတွေးအခေါ်နဲ့ ယုတ်ညံ့တဲ့ အကျင့်အကြံ စရိုက်လက္ခဏာတွေကို ဆင်ခြင်သတိနဲ့ထိန်းညှိတတ်မှသာ လူသားစိတ်လို့ပြောရမှာလည်းဖြစ်ပါတယ်။

ဒီစိတ်တွေ ပျောက်သွားစေဖို့ ကိုယ်ကိုယ်တိုင် အရက်သေစာဆိုတဲ့ အမှောင်တွင်းထဲကို ခုန်ချသက်ဆင်းရင်း မကြံစည်ထိုက်၊ မပြုမူထိုက်၊ မလုပ်ဆောင်သင့်တဲ့ လူစိတ်ကင်းမဲ့သူတို့ရဲ့ အကျင့်စရိုက်တွေကို မက်မော ခုံမင်စွာ ပြုမူဆောင်ရွက်တတ်သူ၊

ပညာဥာဏ်နုံနည်းသူတွေကတော့ အရက်သေစာသောက် စားပြီးတာနဲ့တစ်ပြိုင်နက်တည်း မတွေးအပ်၊မကြံအပ် မပြုမူအပ်တာတွေ ကို ပြုမူဆောင်ရွက်လေ့ရှိကြပါတယ်။ အဲဒီအထဲမှာပါတဲ့ အခုဖြစ်ရပ်ကတော့ ပုသိမ်ချောင်းသာမြို့နယ်၊

....ရပ်ကွက်နေ မ.....၂၆ နှစ်ဟာ နေအိမ်မှာရှိနေ စဉ် မောင်ဝမ်းကွဲတော် စပ်သူ ကြွေချိုင်ရွာနေ ဗိုလ်ဗိုလ်ကျော် ၂၅ နှစ်ဟာ အရက်၊ ဘီယာဘူးများယူလာပြီး မ.......နဲ့အတူ ဘီယာသောက်ကြတယ်လို့ ဆိုပါတယ်။

အဲဒီည ၁၀ နာရီလောက်မှာပဲ ဗိုလ်ဗိုလ်ကျော်ဟာ အမူးလွန်သွားပြီး အစ်မဖြစ်သူ မ.......အား ကြွေချိုင်ရွာကို ဆိုင်ကယ်ဖြင့်လိုက်ပို့ခိုင်း ရာမှ ကြွေချိုင်-နတ်မော်သွား ပင်လယ်ချိုင်သဲသောင် ပြင်အရောက် လူစိတ်ကင်းမဲ့စွာဖြင့် အဓမ္မပြုကျင့်ခဲ့ တယ်လို့သိရပါတယ်။

အဲဒီနောက်မှာ သက်ဆိုင်ရာ ငရုတ်ကောင်းရဲစခန်းကို မ.........က သွားရောက် တိုင်ကြားခဲ့တဲ့အတွက် ရဲစခန်းက ပ ၁၁/၂၀၁၃၊ ပုဒ်မ ၃၇၆ နဲ့ ဖမ်းဆီးအရေးယူစစ်ဆေးနေပြီလို့ သိရပါတယ်။

ဒီဖြစ်စဉ်ကိုကြည့်ရင် ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသား၊ အမျိုးသမီးများအနေနဲ့ အန္တရာယ်ကို အချိန်မရွေးလက်ယပ်ခေါ်မယ့် မူးယစ်ဆေးဝါး၊ ဘိန်း၊ ကင်း၊ ကစော်သောက်သုံးခြင်းဟာ ဘယ်သူ့အတွက်အကျိုးရှိသလဲ။

ဘာကောင်းကျိုးကိုဖြစ်စေသလဲဆိုတာ သင်ခန်းစာယူ တတ်ကြဖို့ပါပဲ။ သေချာ တာကတော့ မုဒိမ်းကျင့်ခံရတဲ့မိန်းကလေးလည်း ဘ၀ပျက်ဆုံးရှုံးသွားသလို၊ ကျူးလွန်တဲ့လူငယ်လည်း အနာဂတ်ပျောက် ဘ၀မှာ အမည်းစက် စွန်းထင်းပေးကျံသွားစေတာပါပဲ။

Source by: The First Media Group

read more

ကရင်ပြည်နယ်တွင် ဒုက္ခသည်များ ပြန်လည်နေထိုင် ရန် မြေယာထိုင်ခင်းများနှင့် အဆောက်အဦးများ ကြိုတင် ဆောက်လုပ်ထား ပြီးဖြစ်သည့်အတွက် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များအား အစမ်းသဘော(Pilot Project) ဖြင့် အိမ်ခြေ ၄၀-၅၀ခန့် ဦးစွာ ပြန်လာနေထိုင်စေလိုကြောင်း ပြည်နယ် အစိုးရက ပြောကြား လိုက်သည်။
ယမန်နေ့က ထုတ်ပြန်ခဲ့သည့် KRC သတင်းထုတ်ပြန်ချက်၌ ဒုက္ခသည်များ ပြည်တော်ပြန်ရေးကိစ္စတွင် အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး လတ်တလော အစီအစဉ်တွင် အစိုးရမဟုတ်သောအဖွဲ့-NGOs များ၊ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)နှင့် နိုင်ငံခြားအစိုးရများ၏ ကူညီပံ့ပိုးသွားမည့် အစီအစဉ် ရှိထားသည့်အပေါ် ဒုက္ခသည်များ အား အစမ်းသဘောဖြင့် နေရပ်ပြန်လည်စေလိုခြင်းဖြစ်သည်ဟု ကရင်ပြည်နယ်အစိုးရကပြောကြောင်း ဖော်ပြထားသည်။

read more

ကလို့ထူးဘော DKBA တပ်များ ကရင်ပြည်နယ် ဟတ်ကြီးရေကာတာစီမံကိန်းဒေသမှ မနက်ဖြန် စနေနေ့ကို နောက်ဆုံးထား၍ ထွက်ခွာပေးရန် မြန်မာ့တပ်မတော်က အကြောင်းကြားထားသည်။
ကချင်ဒေသ သေနတ်သံ တိတ်သွားချိန် ထွက်ပေါ်လာသော ဤရာဇသံကြောင့် အစိုးရတပ်တို့၏ ထိုးစစ်က ကရင်ပြည်နယ်ဘက် လှည့်လာတော့မည်လောဟု တွေးစရာ ဖြစ်နေသည်။ ငြိမ်းချမ်းရေးဆက်လက် ထိန်းသိမ်းထားရန်မှာ သေနတ်ကိုင်ထားကြသည့် နှစ်ဘက်လုံးပေါ်တွင် မူတည်နေသည်။

read more


“ကျွန်တော်တို့က အစိုးရနဲ့ငြိမ်းချမ်းရေး လုပ်ထားပြီး ကရင်ပြည်နယ်မှာနေတာပါ။ ကရင် မဟုတ်တဲ့လူတွေက ကျွန်တော်တို့ကို မောင်းထုတ်မယ်ဆိုတော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ သူတို့ဘက်ကစပြီးတိုက်ခိုက်လာမယ်ဆိုရင်တော့ ကျွန်တော်တို့အစီအစဉ်အတိုင်း လက်တုန့်ပြန်မှာဖြစ်တယ်။ လူထုအတွက်ကိုစိုးရိမ်ပေမဲ့ ကျွန်တော်တို့လည်း မတတ်နိုင်ဘူး။ လူထုကိုတော့အသိပေးမှာပါ။ ကျွန်တော်တို့မှာ ရွေးစရာမရှိတော့ဘူး” လို့ပြောပါတယ်။

မြိုင်ကြီးငူမှာအခြေစိုက်တဲ့ DKBA တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဘိ(စောတိုင်းဆွေ)ကလည်း လက်ရှိပြဿနာကို မဖြစ်ဖြစ်အောင်ဖန်တီးတာက အစိုးရစစ်တပ်ပဲဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

 “သူတို့က လက်နက်အားကိုးနဲ့ ခြိမ်းခြောက်တာ။ ကရင်ပြည်နယ်မှာ ကရင်နေလို့မရဘူးဆိုရင် အခြားလူတွေလည်း မနေနဲ့။ လက်ရှိအခြေအနေက သေနတ်တကမ်းမှာပဲ။ တဖက်နဲ့တဖက်ထိပ်တိုက်တိုးမဲ့အနေအထားမှာရှိတယ်။ အခုအချိန်ထိတော့ သေနတ် ဖောက်သံ မကြားရသေးဘူး” လို့ ဆိုပါတယ်။

 KNU ဘယ်ဘက်က ပါနေသလဲ ကရင်ပြည်နယ်ထဲက အင်အားကြီးလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KNU ရဲ့ ရပ်တည်မှုက ဘယ်လိုရှိတယ်ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပြီးခဲ့တဲ့အပတ်က ၃ ရက်ကြာဖြစ်ခဲ့တဲ့ DKBA နဲ့(ကရင်ပြည်နယ်) နယ်ခြားစောင့်တပ် BGF တိုက်ပွဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၇ က ဗိုလ်တာမလာနဲ့ တပ်ဖွဲ့ဝင် ၂၀ လောက်ဟာ BGF ဘက်ကနေ ၀င်ရောက် တိုက်ခိုက်ပေးတယ်လို့ ဗိုလ်မှူးချုပ်ကျော်သက်က ပြောပါတယ်။

 ”အမှန်ဆိုရင် KNU အနေနဲ့ ဒီလိုမျိုး မလုပ်သင့်ဘူး။
 အခုအခြေအနေကအတော့်ကို ဆိုးရွားနေတယ်၊ ဒီတခါတော့ ကျွန်တော်တို့ကို တိုက်တဲ့လူမှန်သမျှ ဘယ်အဖွဲ့ကိုမဆို ပြန်တိုက်ရမှာပဲ” လို့ မနေ့က သူတို့ရဲ့ ဝေါ်လေဌာနချုပ်ရောက်လာတဲ့ သတင်းထောက်တွေကို ဗိုလ်မှူးချုပ်ကျော်သက်က ပြောလိုက်ပါတယ်။ DKBA ရဲ့ ပြောဆိုချက်ကို KNU က ငြင်းပါတယ်။ ”ဒီကိစ္စက အထင်လွဲမှားတာဖြစ်ပါလိမ့်မယ်။

 KNU နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA မှာက အမျိုးသားညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးမူဝါဒပဲ ရှိတယ်။ ဒီတိုက်ပွဲမှာ တပ်မဟာ ၇ ကတပ်ဖွဲ့ဝင်တွေ အနေနဲ့ ပါဝင်ပတ်သက်မှုလုံးဝမရှိဘူး” လို့ KNU တပ်မဟာ ၇ က တပ်မဟာရုံးထိုင်မှူး ဗိုလ်မှူးအဲဆဲဆဲက ဧရာဝတီသတင်းဌာနကိုပြောပါတယ်။

လက်ရှိအခြေအနေ တင်းမာ အခုဆိုရင် မြိုင်ကြီးငူဒေသမှာ နှစ်ဘက်ထိပ်တိုက်ဖြစ်မဲ့အနေအထားတွေရောက်ရှိနေပြီး နှစ်ဘက်တပ်တွေလည်း အဆင့်မြင့်တပ်လှန့်မှုတွေ လုပ်ထားပါပြိ။ DKBA ဌာနချုပ်ရှိတဲ့မြ၀တီမှာလည်း နှစ်ဘက်တပ်တွေ စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်နေတာကို တွေ့ရတဲ့အတွက် ဒေသခံတွေက စိတ်မသက်မသာဖြစ်နေကြရတယ်လို့ ရင်ဖွင့်ကြပါတယ်။




တဖက်နဲ့တဖက်အလျှော့ပေးပုံမပေါ်တဲ့ နှစ်ဘက်တင်းမာမှုတွေက လက်ရှိငြိမ်းချမ်းရေးကို ကျိုးပျက်စေမှာလား၊ ဒေသခံတွေကို မြေဇာပင်ဖြစ်စေမှာလား၊ ဒါမှမဟုတ် ဒေသတွင်းမှာ၊ တကျော့ပြန်စစ်မီး ပြန်တောက်လေမလား ဆိုတာကိုတော့ နှစ်ဘက်ခေါင်းဆောင်တွေရဲ့ အမြော်အမြင်ရှိမှုအပေါ်မှာပဲ မူတည်တဲ့အကြောင်း ဒေသခံတွေ ပြောဆိုနေကြပါတယ်။

 အသေအပျောက် အများအပြား ရှိခဲ့တဲ့ အရင်လ ၂၆ ရက်ကနေ ၂၉ ရက်နေ့အထိ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသမှာ ဖြစ်ပွားခဲ့တဲ့ BGF နဲ့ DKBA တိုက်ပွဲအပြီးမှာ ဒေသခံ အစိုးရတပ်က (ဒီကေဘီအေ)ကို လက်ရှိအခြေစိုက်နေရာ သံလွင်မြစ်အနီးကနေ ဖယ်ရှားခိုင်းခြင်းဖြစ်တယ်လို့ ဗိုလ်မှူးချုပ်စောဘိက ပြောပါတယ်။ လှိုင်းဘွဲ့မြို့နယ်ထဲက သံလွင်မြစ်ကမ်းနဘေးမှာအခြေစိုက်တဲ့ ကလို့ထူးဘောDKBA အဖွဲ့ကို ဟတ်ကြီး ရေကာတာစီမံကိန်းလုံခြုံရေးအတွက် အဲဒီနေရာကနေ စနေနေ့ နောက်ဆုံးထား ထွက်ခွာပေးရမယ်လို့ ဒေသခံ အစိုးရစစ်တပ် ခမရ ၃၃၈ က ဗိုလ်မှူးထွန်းထွန်းဝင်း ပေးထားတဲ့ ရာဇသံကို DKBA က ပယ်ချထားပေမဲ့ အခုအချိန်အထိတော့ သေနတ်ဖောက်သံတွေ မကြားရသေးဘူး။

လှိုင်းဘွဲ့မြို့နယ်ထဲက သံလွင်မြစ်ကမ်းနဘေးမှာအခြေစိုက်တဲ့ ကလို့ထူးဘောDKBA အဖွဲ့ကို ဟတ်ကြီး ရေကာတာစီမံကိန်းလုံခြုံရေးအတွက် အဲဒီနေရာကနေ စနေနေ့ နောက်ဆုံးထား ထွက်ခွာပေးရမယ်လို့ ဒေသခံ အစိုးရစစ်တပ် ခမရ ၃၃၈ က ဗိုလ်မှူးထွန်းထွန်းဝင်း ပေးထားတဲ့ ရာဇသံကို DKBA က ပယ်ချထားပေမဲ့ အခုအချိန်အထိတော့ သေနတ်ဖောက်သံတွေ မကြားရသေးဘူး။

read more

တက်ရောက် လာသော ကရင် 
ငြိမ်းချမ်းရေး ကောင်စီ တပ်မှူးများ တက်ရောက် လာသော ကရင် ငြိမ်းချမ်းရေး ကောင်စီ တပ်မှူးများ (ဓါတ်ပုံ EMG)



အစိုးရ တပ်ဖွဲ့ များသည် ဟပ်ကြီး ရေကာတာကို အကြောင်းပြပြီး ငြိမ်းချမ်းရေး ရယူ ထားသော ကရင် လက်နက်ကိုင် များအား စစ်ဆင် ပါက စုပေါင်း ခုခံ သွားမည် ဖြစ်ကြောင်း ယမန်နေ့ မေလ () ရက်နေ့ကျင်းပ ခဲ့သော ပြည်တွင်း သတင်းထောက် များအား ခေါ်ယူ တွေ့ဆုံ ပွဲတွင် ကရင် ငြိမ်းချမ်းရေး အဖွဲ့များက ထုတ်ပြန် သွားပါသည်။
အစိုးရ တပ်ဖွဲ့ဟာ မေလ () ရက်နေ့ ည (၁၂) နာရီ နောက်ဆုံး ထားပြီး ဆုတ်ခွာ ခိုင်းတယ်။ DKBA အနေနဲ့ ဘယ်လိုမှ ဆုတ်ခွာလို့ မဖြစ်တော့ဘူး။ ဒါကြောင့် အစိုးရ ဖက်က စစ်ဆင် လာလို့ ရှိရင် ပြန်လည် ခုခံဖို့ဘဲ ရှိတော့တယ်ဟု DKBA ကလို့ ထူးဘော အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ဆိုပါသည်။
အဆိုပါ တွေ့ဆုံပွဲကို ကရင်ပြည်နယ် မြ၀တီမြို့ရှိ ကရင် ငြိမ်းချမ်းရေး ကောင်စီ၏ အထူး ဗျူဟာရုံးချုပ်တွင် ကျင်းပခဲ့ပြီး၊ ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA ) နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီတို့မှ ပြုလုပ် ခဲ့ခြင်း ဖြစ်ပါသည်။ DKBA သည် ဤကဲ့သို့ သတင်းထောက်အား ပြောကြား နေချိန်၌ တဖက်တွင်လည်း ဗိုလ်မှူး မောင်လေး ဦးဆောင်သော ၄င်းတို့၏ ကိုယ်စားလှယ် များဖြင့် အစိုးရ လုံခြုံရေး ၀န်ကြီး ဦးအောင်မင်းနှင့် နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေး စေခဲ့ပါသည်။
DKBA သည်ပီးခဲ့သည့် ဧပြီလ (၂၇) ရက်နေ့တွင် အစိုးရ နယ်ခြား စောင့်တပ် (BGF) နှင့် () ရက်ခန့် တိုက်ခိုက် ခဲ့ကြပါသည်။ ဤတိုက်ပွဲကြာင့် အစိုးရ တပ်များသည်ပ်ကြီး ရေကာတာကို အကြောင်းပြပြီး ဆည်ရေသောက် ဧရိယာ ရှင်းလင်းရန်မိုင်ကြီးငူရှိ မယ်ပ ဒေသမှ ဆုတ်ခွာပေးရန် ရာဇသံ ပေးခဲ့ခြင်း ဖြစ်ပါသည်။
'' ပြသနာ ဖြစ်သွားတာက  နယ်ခြား စောင့်တပ်က တပ်သား တစ်ဦးကို ကျွန်တော်တို့ DKBA အဖွဲ့ထဲကို ပြောင်းဝင်လာတယ်။ ကျွန်တော်တို့က လက်ခံ ထားလိုက်တယ်။ ဖြစ်ပုံက အဲဒီ တပ်သားဟာ နယ်ခြား စောင့်တပ်က တပ်သား တစ်ဦးကို သူ့သဘောနဲ့သူ သွားပစ်တယ်။ အဲဒီတော့ ဧပြီ ၂၇ ရက်နေ့ ညကျတော့BGF တွေကကျွန်တော်တို့ကိုလက်နက်ကြီးနဲ့ပစ်တော့တာဘဲ။ကျွန်တော်တို့လူတွေကလည်းပြန်ပစ်တယ်။ဒီလိုနဲ့ တိုက်ပွဲက သုံးရက်လောက် ဖြစ်သွားတယ်။ အဲဒီ ပြသနာ ကနေ မေလ ရက်နေ့မှာ ဆုတ်ခွာပေးဖို့ တပ်မတော်ရဲ့ ညွှန်ကြားချက် ဖြစ်လာတယ်။ဟု ဗိုလ်မှူးကြီး ဆန်းအောင်က ပြောသွား ပါသည်။
 အစိုးရ ညွှန်ကြားချက်တွင် မေလ () ရက်နေ့ နောက်ဆုံး ထားပြီး လှိုင်းဘွဲ၊ မီဆိုင်း၊ ကျုံထော်၊ မြိုင်ကြီးငူ စသည့် ဒေသ မှ DKBA တပ်များ ဆုတ်ခွာ ပေးရမည်ဖြစ်သည်။
DKBA သည် ယင်းဒေသမှ ဆုတ်ခွာ ခဲ့လျှင် ထိုင်းနယ်စပ်နှင့် နီးသွားမည် ဖြစ်ကြောင်း၊ ထိုင်းအစိုးရ ကလည်း DKBA နှင့် အဆင်ပြေနိုင်မည် မဟုတ်ကြောင်း၊ ထို့အပြင် DKBA သည် တပ်တွင်း ဖူလုံရေး အတွက် စိုက်ပျိုးရေး လုပ်ငန်းနှင့် အခြား လုပ်ငန်း များလည်း ဤဒေသ တည်ဆောက် ထားပါသည်။ ဤသို့ကြောင့် ဤဒေသမှ ဆုတ်ခွာခြင်း မပေးနိုင်ကြောင်း DKBA အရာရှိက ပြောဆို သွားပါသည်။
အလားတူ DKBA တပ်များကို တပ်မတော်မှ ထိုးစစ်ဆင်ပြီး ဖယ်ရှားမည် ဆိုပါက ကရင် ငြိမ်းချမ်းရေး ကောင်စီ အနေနှင့် လက်ပိုက် ကြည့် နေမည် မဟုတ်ကြောင်း ကရင် ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှူးကြီး စောအဲကော်ထူး (တိုက်ဂါး) ကပြောကြား ထားပါသည်။
ဤကဲ့သို့ ဆုတ်ခွာပေးရန် DKBA မှ ဆုတ်ခွာပေးခြင်း မရှိသဖြင့် စစ်ဆင်ရန် အစိုးရ တပ်များသည် DKBA တပ်စခန်း အနီးသို့ ချဉ်းကပ် ခဲ့ပါသည်။ သို့သော်လည်း DKBA သည် အစိုးရနှင့် ရရှိ ထားသော ငြိမ်းချမ်းရေးကို မထိခိုက် စေသဖြင့် ဖြေရှင်းရန် ရည်ရွယ်ပြီး ဗိုလ်မှူး မောင်လေး ဦးဆောင်သော အဖွဲ့ကို ကရင်ပြည်နယ် နယ်စပ်ရေးရာ လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး အောင်လွင်ထံ သွားရောက် ဖြေရှင်း စေခဲ့ပါသည်။
နောက်ဆုံးတွင် နိုင်ငံတော် လုံခြုံရေး ၀န်ကြီး ဦးအောင်မင်းထံ ရောက်ရှိ သွားပြီး ဖြေရှင်းရန် အတွက် မကြာခင် ဖားအံမြို့တွင် တွေ့ဆုံ ဖြေရှင်းကြမည်ဟု သဘော တူခဲ့ပါသည်။
DKBA နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီတို့၏ သတင်းထောက်များအား ခေါ်ယူ ရှင်းလင်းရသည့် ရည်ရွယ်ချက်မှာ တိုင်းရင်းသားများ၏ ငြိမ်းချမ်းရေး ကိစ္စကို အထူး အလေးပေး ဆောင်ရွက်နေသည့် နိုင်ငံတော် သမ္မတ အပါအ၀င် နေပြည်တော်ရှိ တာဝန်ခံ ပုဂ္ဂိုလ်များနှင့်မြန်မာ ငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိ ပုဂ္ဂိုလ်များအား အောက်ခြေ၌ ဖြစ်ပေါ်နေသည့် အခြေ အနေများကို ထဲထဲ ၀င်ဝင် သိရှိနိုင်ရန် အသိပေး လိုခြင်း ဖြစ်ကြောင်းDKBA ဖက်မှ ဆိုပါသည်။

Source -ရွှေဟင်္သာ

read more


ကရင်ပြည်နယ်၊ ဘားအံမြို့နယ် သံလွင်မြစ်အနောက်ဘက်ကမ်းရှိ ဘုရင့်ညီနောင် ရတနာလိုဏ်ဂူဘုရားသို့ နေ့စဉ် ဘုရားဖူးများ အဆက်မပြတ် လာရောက်လျှက်ရှိကြောင်း လိုဏ်ဂူဘုရား၏ ရန်ပုံငွေနှင့် အလှူခံဌာနမှ တာဝန်ခံ ဆရာတော်တစ်ပါးက ကေအိုင်စီသို့ မြွက်ကြားပြောဆိုသည်။

read more


၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် အာစီယံ စီးပွားရေး အသိုက်အမြုံသည် ထိုင်းနိုင်ငံအတွက် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ရနိုင်ကြောင်း ပညာရှင်များက သတိပေးပြီး အိမ်နီးချင်း နိုင်ငံများ၏ ဘာသာ စကားကို မတတ်ကျွမ်းပါက မနက်ဖြန်တွင် ရှုံးနိမ့်သူများဖြစ်လာနိုင်ကြောင်း သတိပေးပြောဆိုလိုက်သည်။
နယ်စပ်တလျှောက်ရှိ ထိုင်းနိုင်ငံသားများသည် အိမ်နီးချင်း နိုင်ငံများ၏ ဘာသာစကားကို ပြောဆို နေကြသော်လည်း လုံလောက်မှုမရှိကြောင်း၊ အင်္ဂလိပ်ဘာသာစကားကိုပါ သင်ယူရန်လိုအပ်ကြောင်း ပညာရှင်များမှ ထိုင်းလူအဖွဲ့အစည်းအား စဉ်ဆက်မပြတ် ပြောဆိုလာခဲ့သည်။

read more

မေလ ၁ ရက်နေ့ အလုပ်သမားနေ့တွင် ကျင်းပသည့် နွမ်းပါးသည့် ကလေးငယ်များ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးခြင်း အားသစ်လောင်း အစီအစဉ်တွင် မစ္စ မြန်မာ နန်းခင်ဇေယျာ ပါဝင်ကူညီခဲ့ကြောင်း သိရသည်။

ယင်းအစီအစဉ်ကို ဂရုဏာ လူမှု မြှင့်တင်ရေးအဖွဲ့မှ ဦးစီးကျင်းပပြီး မေ ၁ ရက်နေ့က ပြည်သူ့ရင်ပြင်၌ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ၁၀ မြို့နယ်မှ ပရဟိတဂေဟာ ၁၂ ခုနှင့် ဆင်းရဲနွမ်းပါး ကလေးငယ် ၁၃၅၀ ဦးတို့ ပါဝင်ခဲ့ကြောင်း နန်းခင်ဇေယျာက ပြောသည်။

read more

မေ ၈ ရက်နေ့က မန္တလေး တောင်သမန်အင်းသို့ ရောက်ရှိ လေ့လာခဲ့သည့် ထိုင်းကားမောင်း အဖွဲ့ (ဓာတ်ပုံ – တေဇလှိုင်/ ဧရာဝတီ)
ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့မှ တဆင့် မြန်မာ နိုင်ငံတွင်း ဒေသအချို့သို့ ကား ၁၀ စီးဖြင့် လှည့်လည် မောင်းနှင်ခဲ့ သူများသည် မေ ၈ ရက်နေ့က မန္တလေးမြို့သို့ ရောက်ရှိခဲ့ပြီး ယနေ့ ၉ ရက်နေ့တွင် ပုဂံသို့ ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း အဆိုပါ ကားမောင်းအဖွဲ့တွင် ပါဝင်သူ ထိုင်းအမျိုးသား နွန်က ဧရာဝတီသို့ ပြောသည်။

read more

အပစ်အခတ် ရပ်စဲထားသည့် ဗိုလ်မှူးချုပ် စောလားဘွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်သော ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) ၏ တပ်ရင်း ၂ ခုအား အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ)မှ စေခိုင်းသလို မေလ ၄ ရက်နေ့တွင် ပြောင်းရွှေ့ပေးမည် မဟုတ်ကြောင်း DKBA ကလို့ထူးဘော စစ်ဗျုဟာမှူး ဗိုလ်မှူး စောဆန်းအောင် က ပြောဆိုလိုက်သည်။

DKBA-Army“ကျနော်တို့ကို ၄ ရက်နေ့ ၁၂ နာရီ တိတိချိန်မှာ ထွက်ခွာပေးဖို့ စာပေးပို့လာတယ်။ အဲဒီစာကို ကျနော်တို့ လက်ခံရရှိတယ်။ ကျနော်တို့လည်း ဟိုဖယ်၊ ဒီဖယ်၊ ဟိုသွား၊ ဒီသွား သွားလို့ မြေလည်း မရှိတော့ဘူး။ သွားရင်လည်း လွယ်တာမှ မဟုတ်တာ။
အောက်ခြေက ရဲဘော်တွေလည်း မခွာချင်ဘူး။ ခွာဖို့ အစီအစဉ် မရှိဘူး” ဟု မဇ္စျိမကို ပြောသည်။

read more


မေလ ၁ ရက်နေ့ အလုပ်သမားနေ့တွင် ကျင်းပသည့် နွမ်းပါးသည့် ကလေးငယ်များ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးခြင်း အားသစ်လောင်း အစီအစဉ်တွင် မစ္စ မြန်မာ နန်းခင်ဇေယျာ ပါဝင်ကူညီခဲ့ကြောင်း သိရသည်။

ယင်းအစီအစဉ်ကို ဂရုဏာ လူမှု မြှင့်တင်ရေးအဖွဲ့မှ ဦးစီးကျင်းပပြီး မေ ၁ ရက်နေ့က ပြည်သူ့ရင်ပြင်၌ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ၁၀ မြို့နယ်မှ ပရဟိတဂေဟာ ၁၂ ခုနှင့် ဆင်းရဲနွမ်းပါး ကလေးငယ် ၁၃၅၀ ဦးတို့ ပါဝင်ခဲ့ကြောင်း နန်းခင်ဇေယျာက ပြောသည်။

read more


မွန်ပြည်နယ် မော်လမြိုင်မြို့မှာကျင်းပပြီးတဲ့ တိုင်းရင်းမီဒီယာညီလာခံကို မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်က ကိုယ်စားလှယ်တွေအပါအ၀င် နိုင်ငံရေးပါတီ ၇ ပါတီနဲ့ မီဒီယာအဖွဲ့ ၃၄ ဖွဲ့၊ လူထုအခြေပြုအဖွဲ့အစည်း ၂၀ က ကိုယ်စားလှယ် ၁၅၀ လောက် ပါဝင်တက်ရောက်ဆွေးနွေး ခြဲ့
ကတာဖြစ်ပါတယ်။

ဒီညီလာခံအတွင်းမှာတော့ အဓိက ဆုံးဖြတ်တဲ့အချက်တွေကိုတော့ ကိုယ်တိုင်ပါဝင်တက်ရောက်တဲ့ ထိုင်းနိုင်ငံအခြေစိုက် လွတ်လပ်တဲ့မွန်သတင်းဌာန အယ်ဒီတာချုပ် နိုင်ကဆော့မွန်က အခုလို ပြောပါတယ်။

read more