Minimal Design

Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard dummy text ever since the 1500s, when an unknown printer took a galley of type and scrambled it ...

Easy to use theme’s admin panel

Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard dummy text ever since the 1500s, when an unknown printer took a galley of type and scrambled it ...

Featured posts

Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard dummy text ever since the 1500s, when an unknown printer took a galley of type and scrambled it ...

Hello, I am Vk bhardwaj and i do awsome Blogger Template Designs for your blog, download templates at Www.BestTheme.Net. Thanks A Lot


မြန်မာအစိုးရနှင့်ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင်   ကရင်အမျိုးသားများ၏ ကံကြမ္မာအတွက် အဓိကထား ထည့်သွင်းစဉ်းစားရန်၊ နိုင်ငံရေးအရအမြတ်ထုတ် အသုံးချခြင်း မခံရအောင် အထူးသတိပြုဆောင်ရွက်ရန်  ကရင်အမျိုးသားအရေးဆောင် ရွက်နေကြသည့် ပြည်တွင်းပြည်ပအဖွဲ့အစည်း ၄၀ကျော်က ကရင်အမျိုးသားအစည်းအရုံး (KNU) ကို တိုက်တွန်းလိုက်ကြသည်။


၉ ကြိမ်မြောက် နှီးနှောဖလှယ်ပွဲ မြင်ကွင်းတချို့ (ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ)


ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ်ရှိ KNU ၏ လေးဝါးစခန်းတွင် တနင်္လာနေ့မှ စတင်ပြီး   ၅ ရက်ကြာကျင်းပနေသည့် ၉ ကြိမ်မြောက် ကရင်အမျိုးသား အားလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲတွင် ထိုသို့ တိုက်တွန်းလိုက်ကြခြင်းဖြစ်သည်။



ပြည်တွင်းအခြေစိုက် ဖလုံစဝေါ်ပါတီ၊ KPP ကရင်ပါတီ အပါအ၀င် အခြား လူမှုရေး၊ ပညာရေး၊ စာပေ ယဉ်ကျေးမှုအဖွဲ့များ၊ နိုင်ငံတကာမှ တက်ရောက်လာကြသည့် ကရင်အဖွဲ့အစည်းများက ငြိမ်းချမ်းရေးဆွေးနွေးရာတွင် အထူးသတိထားရမည့် အချက်များ၊ အနေအထားများကို အသေးစိတ် ဆွေးနွေး အကြံပြုနေကြသည်။

KNU မှ ခွဲထွက်ခဲ့သော ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များကလည်း  အခြေအနေအရမည်သို့ပင်အဖွဲ့ကွဲစေကာမူ အရေးကြုံလျှင် ကရင်အမျိုးသားများဘက်မှ ရပ်တည်ရန်အသင့်ရှိပြီး လက်ရှိတွင်လည်း ကရင်အမျိုးသားရေးကို မမေ့မလျော့ ဆောင်ရွက်နေပါသည်ဟု သဘောထားများပေးခဲ့ကြသည်ကို တွေ့ရသည်။

ကရင်ခွဲထွက်လက်နက်ကိုင်အဖွဲ့မှတပ်မှူးတဦးက "ကျွန်တော်တို့က အမျိုးသားရေးကိုဆောင်ရွက်နေသလို ကရင်အမျိုးသားအလံတော်အောက်မှာ ရပ်တည် လှုပ်ရှားနေတာပါ။ ကရင့်အမျိုးသားရေးကိုဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်သလို KNU နဲ့နိုင်ငံတော်အစိုးရတို့ လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းမှာလည်း KNU ကို အမြဲတမ်း အားပေးထောက်ခံနေပါတယ်။
KNU လို့အမည်မခံရုံနဲ့တော့ မျိုးချစ်တွေမဟုတ်ဘူးလို့ပြောလို့မရပါဘူး။ ကရင့်သွေးဟာကရင့်သွေးပါပဲ" ဟု ဧရာဝတီသတင်းဌာနကိုပြောသည်။



 နှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ စောလှထွန်းက ... "ကရင်အမျိုးသားထုကြားမှာ စည်းလုံးညီညွတ်မှုရရှိဘို့အတွက် ပြည်တွင်းပြည်ပက ကျွန်တော်တို့
ကရင်အမျိုးသားတွေကို စုစည်းပြီး ဆွေးနွေးတိုင်ပင်ကြတာဖြစ်တယ်။ ဒီပွဲမှာဆိုရင်သူတို့ရဲ့ဆွေးနွေးအကြံပြုမှုတွေဟာ လက်ရှိ လုပ်ဆောင်နေတဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်
အများကြီး အထောက်အကူဖြစ်စေပါတယ်" ဟု ဆိုသည်။

ပြည်တွင်းကရင်ပါတီကြီး ၂ ခုမှ ခေါင်းဆောင်များကလည်း ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ KNU အဖွဲ့နှင့်အလျင်းသင့်သလို အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟုလည်း ပြောဆိုကြသည်။

ပြည်ပကိုယ်စားလှယ်တဦးက ... "ထိုင်း-မြန်မာနယ်စပ်မှာ စည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲလုပ်လာတာ ၉ ကြိမ်ရှိပြီ ဖြစ်ပေမဲ့ အားရ ကျေနပ်လောက်တဲ့ အနေအထားတွေ မရရှိသေးဘူးဖြစ်တဲ့အတွက် ညီညွတ်ရေးကို ပြည်တွင်းပြည်ပကလူတွေ ဒီထက်မက အတော့်ကိုကြိုးစားကြဘို့လိုသေးတယ်" ဟု မှတ်ချက်ပေးသည်။

 ဖလုံစဝေါ်ပါတီဥက္ကဋ္ဌကလည်း ၉ ကြိမ်မြောက် နှီးနှောဖလှယ်ပွဲမှတဆင့် အရေးဆိုကြမည့် ကရင်အမျိုးသားရေးဆိုင်ရာ တောင်းဆိုချက်များကို ပြည်ထောင်စုလွှတ်တွင် ဆွေးနွေး တင်ပြပေးသွားမည်ဟုပြောဆိုခဲ့သည်။


Ref: Irrawady.org

Leave a Reply