Minimal Design

Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard dummy text ever since the 1500s, when an unknown printer took a galley of type and scrambled it ...

Easy to use theme’s admin panel

Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard dummy text ever since the 1500s, when an unknown printer took a galley of type and scrambled it ...

Featured posts

Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard dummy text ever since the 1500s, when an unknown printer took a galley of type and scrambled it ...

Hello, I am Vk bhardwaj and i do awsome Blogger Template Designs for your blog, download templates at Www.BestTheme.Net. Thanks A Lot


မွန်ပြည်နယ် မော်လမြိုင်မြို့မှာကျင်းပပြီးတဲ့ တိုင်းရင်းမီဒီယာညီလာခံကို မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်က ကိုယ်စားလှယ်တွေအပါအ၀င် နိုင်ငံရေးပါတီ ၇ ပါတီနဲ့ မီဒီယာအဖွဲ့ ၃၄ ဖွဲ့၊ လူထုအခြေပြုအဖွဲ့အစည်း ၂၀ က ကိုယ်စားလှယ် ၁၅၀ လောက် ပါဝင်တက်ရောက်ဆွေးနွေး ခြဲ့

ကတာဖြစ်ပါတယ်။

ဒီညီလာခံအတွင်းမှာတော့ အဓိက ဆုံးဖြတ်တဲ့အချက်တွေကိုတော့ ကိုယ်တိုင်ပါဝင်တက်ရောက်တဲ့ ထိုင်းနိုင်ငံအခြေစိုက် လွတ်လပ်တဲ့မွန်သတင်းဌာန အယ်ဒီတာချုပ် နိုင်ကဆော့မွန်က အခုလို ပြောပါတယ်။



“ဆွေးနွေးတဲ့အချက်တော့အများကြီးပါပဲ။ ပထမအချက်ကတော့ မကြာခင်မှာ ပေါ်ပေါက်လာမယ့် မီဒီယာဥပဒေမှာ တိုင်းရင်းသားမီဒီယာရဲ့ အခန်းကဏ္ဍဟာ အထူးအရေးကြီးတယ်လို့ ကျနော်ပြောချင်တယ်။ ဒီ မီဒီယာဥပဒေထဲမှာ ကျနော်တို့ရဲ့ အခန်းကဏ္ဍတွေ ပီပီပြင်ပြင်ပေါ်လာဖို့က ကျနော်တို့က ကိုယ်တိုင်ပါဝင်ရေးဆွဲနိုင်ဖို့ ဆွေးနွေးကြပါတယ်။ အခုဟာက တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးရှိဖို့လိုမယ်။ ငြိမ်းချမ်းရေးရှိမှသာလျင် ပညာရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ကိစ္စတွေ အရပ်ရပ်က တိုးတက်လာမယ်ဆိုတော့ ကျနော်တို့ တိုင်းရင်းသားမီဒီယာတွေရဲ့ အဓိက တာဝန်တခုက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မှန်ကန်တဲ့သတင်းတွေ ပို့ပေးဖို့နဲ့ မှန်ကန်တဲ့သတင်းတွေကို မြန်မာပြည်လူထုတရပ်လုံး ကြားဖို့ကတော့ ကျနော်တို့ရဲ့ အဓိကတာဝန်ဖြစ်တယ်လို့ ဆုံးဖြတ်ချက်ချပါတယ်။”

အခြားအရေးပါတဲ့ ဆုံးဖြတ်ချက်တခုကတော့ တိုင်းရင်းသားဒေသတွေမှာ မီဒီယာလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးလာစေဖို့အတွက် ပြည်တွင်းပြည်ပ တိုင်းရင်းသားမီဒီယာတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့အတွက်လည်း စိန်ခေါ်ချက်တွေ အများကြီးရှိနေတယ်လို့ နိုင်ကဆော့မွန်က ဆက်ပြောပါတယ်။

“ဆုံးဖြတ်ချက်တွေတော့ အများကြီးပါပဲ။ ပထမဦးဆုံးကတော့ ခရီးသွားလာရေး အခက်အခဲတွေကို ကျနော်တို့ တွေ့နိုင်တယ်။ ဆိုတော့ ကျနော်တို့မှာ တိုင်းရင်းသားလူမျိုးစုတွေက ကျယ်ပြန့်တဲ့ တကယ့် မြန်မာပြည်က မတိုးတက်သေးတဲ့ဒေသတွေမှာ ရှိနေတဲ့အတွက် ကျနော်တို့ ဒီ အခက်အခဲကို တွေ့ရပါလိမ့်မယ်။ ဒုတိယအချက်ကတော့ ကျနော်တို့မှာက တိုင်းရင်းသားတွေကြားထဲမှာ ကျနော်တို့ မီဒီယာလုပ်ငန်း လုပ်တဲ့အခါမှာ ကျနော်တို့က တကယ့်ပင်မ မီဒီယာတွေလောက် ဈေးကွက်ကမကြီးဘူးဗျ။ ဈေးကွက် သိပ်သေးတယ်။ ဈေးကွက် သိပ်သေးတဲ့အခါမှာ ဒီ အခက်အခဲကိုလည်း ကျနော်တို့ တွေ့ရမှာပါ။ နောက်တချက်ကတော့ ဒီ မီဒီယာ ဖွံ့ဖြိုးရေးလုပ်ငန်းကို စတင်လုပ်တဲ့အခါမှာလည်း ကျနော်တို့ သင်တန်းတွေဘာတွေ ပေးတဲ့အခါမှာ ပြန်လည် စုစည်းရမယ့်အခြေအနေ၊ ငွေကြေးအခြေအနေ စသည်ဖြင့်ပေါ့ အခက်အခဲတွေ ကြုံရမှာဖြစ်ပါတယ်။”

မွန်ဘာသာနဲ့ထုတ်ဝေတဲ့ အမတ်ဒိန် ဂျာနယ်ရဲ့အယ်ဒီတာချုပ် နိုင်မောင်တိုးကတော့ တိုင်းရင်းသားမီဒီယာတွေ ကြုံတွေ့နိုင်တဲ့အခြေအနေကို အခုလို ပြောပါတယ်။

“ကျနော်တို့တိုင်းရင်းသားတွေအတွက်ကတော့ အရင်တုန်းကဆိုရင် ကျနော်တို့ မွန်စာအုပ်ကို ထုတ်ချင်လို့ရှိရင် ဘာသာပြန်ပေးရတယ်။ စာအုပ်ထုတ်ရတဲ့ အခက်အခဲအပြင် ဘာသာပြန်ပေးရတဲ့ ပြဿနာတခုကလည်း ရှိလိုက်သေးတယ်။ အဲဒီတော့ အခု အဲဒီအပိုင်းကို လျှော့လိုက်တဲ့ အခါကျတော့ စာပေစိစစ်ရေးကဏ္ဍကို လျှော့လိုက်တဲ့အခါကျတော့ တော်တော်လေးကို လွယ်ကူသွားတယ်။ လွယ်ကူသွားတော့ အောင်အောင်မြင်မြင်လည်း ဖြစ်တယ်။ စာအုပ်လည်း အများကြီးထွက်နိုင်တယ်။ ဒါပေမဲ့ ရေဒီယိုပိုင်းတို့၊ တီဗွီပိုင်းတွေကျတော့ ကျနော်တို့မှာ အခက်အခဲရှိတယ်။ အတတ်ပညာပိုင်းနဲ့ ပတ်သက်လို့ ကျနော်တို့ တိုင်းရင်းသားတွေမှာ အတွေ့အကြုံ သိပ်မရှိဘူး။ မရှိတော့ အခက်အခဲတော့ ရှိလိမ့်မယ်ထင်တယ်။ အဲဒီအခက်အခဲကို နိုင်ငံတော်ကဖြစ်ဖြစ်၊ အဖွဲ့အစည်းကဖြစ်ဖြစ် ပံ့ပိုးပေးနိုင်ရင်တော့၊ ထောက်ပံ့ပုံစံမျိုးတွေ အမျိုးမျိုးလုပ်ပေးလိုက်လို့ရှိရင် ကျနော်ထင်တယ် တိုင်းရင်းသားနေရာတွေက အများကြီး ပွင့်လင်းလာပါလိမ့်မယ်။”

တိုင်းရင်းမီဒီယာညီလာခံက  တိုင်းရင်းသားမီဒီယာတွေ ဖွံ့ဖြိုးရေးအတွက် မီဒီယာဌာနကြီးတွေက ကူညီပံ့ပိုးပေးဖို့၊ သက်ဆိုင်ရာတိုင်းဒေသကြီးတွေနဲ့ ပြည်နယ်အစိုးရတွေကလည်း တိုင်းရင်းသား သတင်းမီဒီယာတွေ တိုးတက်ဖွံ့ဖြိုးစေဖို့အတွက် လွတ်လွတ်လပ်လပ်ဆောင်ရွက်ခွင့်ပေးဖို့ ဆိုတဲ့အချက်တွေကိုလည်း တောင်းဆိုထားပါတယ်။

ဒီညီလာခံကိုတော့ ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ အခြေစိုက်တဲ့ ကချင်၊ ကရင်၊ ကရင်နီ ခေါ် ကယား၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း နဲ့အခြား မီဒီယာအဖွဲ့ ၁၁ ဖွဲ့ပါဝင်တဲ့ နိုင်ငံတကာ မြန်မာသတင်း ခေါ် Burma News International အဖွဲ့နဲ့ မော်လမြိုင်အခြေစိုက် သံလွင်တိုင်းမ် နဲ့ လမ်းပြကြယ် မွန်သတင်းဂျာနယ်တိုက်တွေက ကမကထပြု ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။


မြန်မာပြည်မှာ ပထမဆုံးကျင်းပတဲ့ ပြည်တွင်းပြည်ပ အခြေစိုက် တိုင်းရင်းသား
 မီဒီယာအဖွဲ့တွေရဲ့ ၃ ရက်ကြာ
 ညီလာခံဟာ ဒီကနေ့ ပြီးဆုံးသွားပြီး ဒီညီလာခံမှာတော့ အသစ်ပြဌာန်းမယ့် မီဒီယာဥပဒေမှာ တိုင်းရင်းသားတွေ ပါဝင်ရေးသားခွင့် ရရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တိုင်းရင်းသား မီဒီယာတွေက တိကျမှန်ကန်တဲ့သတင်းတွေ တင်ပြနိုင်ရေးတွေကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါ့အပြင် ပြည်တွင်းပြည်ပမှာ အခြေစိုက်တဲ့ တိုင်းရင်းသားသတင်းမီဒီယာ ကွန်ရက် တခုကိုလည်း ဖွဲ့စည်းဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အပြည့်စုံကိုတော့ ဒီညီလာခံကို ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

်
ကိုမိုးဇော်

Leave a Reply