Minimal Design

Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard dummy text ever since the 1500s, when an unknown printer took a galley of type and scrambled it ...

Easy to use theme’s admin panel

Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard dummy text ever since the 1500s, when an unknown printer took a galley of type and scrambled it ...

Featured posts

Hello, I am Vk bhardwaj and i do awsome Blogger Template Designs for your blog, download templates at Www.BestTheme.Net. Thanks A Lot

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် သံလွင်မြစ်အနောက်ဘက်ကမ်းရှိ ဘုရင့်ညီနောင် ရတနာလိုဏ်ဂူဘုရားသို့ နေ့စဉ် ဘုရားဖူးများ အဆက်မပြတ် လာရောက်လျှက်ရှိကြောင်း လိုဏ်ဂူဘုရား၏ ရန်ပုံငွေနှင့် အလှူခံဌာနမှ တာဝန်ခံ ဆရာတော်တစ်ပါးက ကေအိုင်စီသို့ မြွက်ကြားပြောဆိုသည်။
လှိုဏ်ဂူတွင် ၁၃နှစ်ကြာ သီတင်းသုံးခဲ့သူ ၎င်းဆရာတော် ဦးပိဏ္ဍောလက “ဘုရားဖူး ဧည့်သည်တွေကတော့ နေ့တိုင်းလို လာတာပဲ ဒကာရဲ့။ အနည်းဆုံးတော့ လေးငါးရာကျော် ရှိတယ်။ အခု ကရင်ပြည်နယ် အေးချမ်းသွားတဲ့နောက်ပိုင်း ဘုရားဖူးတွေက တခါတလေ တစ်ထောင်ကျော်လောက် ရှိတာလည်း တွေ့ရတယ်”ဟု မြွက်ကြားခဲ့သည်။
အဆိုပါ ဘုရင့်ညီနောင်ဂူဘုရားသည် ဘားအံမြို့နယ် ကော့ရင်းကျေးရွာအလွန် ဘားအံ-ရန်ကုန် အဝေးပြေး ကားလမ်းမ၏ ညာဘက်မှ ကွေ့၍ သွားရောက်ရခြင်းဖြစ်ပြီး အထူးသဖြင့် ဘုရားပွဲတော် ရက် တပို့တွဲလပြည့်နေ့အပြင် ဇန်န၀ါရီ၊ ဖေဖော်ဝါရီလများတွင် ဘုရားဖူး အလာများလေ့ရှိကြောင်း သိရသည်။

ဘုရင့်ညီနောင်ကျောက်ဂူ တောင်ခြေရှိ ရေပူစမ်းအနီး ဘုရားဖူးများ လာရောက်စဉ်
ဘုရင့်ညီနောင်ကျောက်ဂူ တောင်ခြေရှိ ရေပူစမ်းအနီး ဘုရားဖူးများ လာရောက်စဉ်
ကရင်ပြည်နယ်၌ ဘားအံမြို့နယ်အတွင်း ဘုရင့်ညီနောင်ဂူ အပါအ၀င် ကော့ဂွန်းကျောက်ဂူ၊ ရသေ့ပျံကျောက်ဂူ၊ ကော့ကသောင် ၀င်္ကပါကျောက်ဂူ၊ ဆဒ္ဒန်ကျောက်ဂူတို့အပြင် လှိုင်းဘွဲမြို့နယ်ရှိ ကော့ဖျားကျောက်ဂူနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဖားပြကျောက်ဂူတို့လည်း တည်ရှိသော်လည်း ဘုရင့်ညီနောင်ဂူအနီးတွင် သဘာဝအတိုင်း စိမ့်ထွက်နေသည့် ရေပူစမ်းနေရာရှိပြီး ဘုရားဖူးများက ရေချိုးသန့်စင်ခြင်းဖြင့် ရောဂါဘယကင်းရှင်းသည်ဟု ယုံကြည်ကြသည်။
ပြီးခဲ့သည့် ၂၀၁၂ခုနှစ်အစပိုင်းက ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)နှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီးသည့်နောက်ပိုင်း နိုင်ငံခြားသား ဧည့်သည် များ ကရင်ပြည်နယ်သို့ လာရောက်လည်ပတ်ကာ ဂူဘုရားများသို့လည်း သွားရောက်လေ့လာခဲ့ကြသည်။
ဘုရင့်ညီနောင်ဂူသို့ လာရောက်လည်ပတ်သူ အင်္ဂလန်နိုင်ငံသူတစ်ဦးက “ဒီနေရာက အရမ်းသာယာတယ်။ နောက်ပြီး ပြုပြင်ထားတာ မဟုတ်ဘဲ သဘာဝအတိုင်းဖြစ်နေတာမို့ မြင်ကွင်းတွေက တမူ ထူးခြားနေတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိအချိန်တွင် ဘုရင့်ညီနောင် ရတနာလိုဏ်ဂူ၌ ဆရာတော် ဦးပညာဝံသ (ဓမ္မကထိက)က ကျောင်းထိုင်ဆရာတော်အဖြစ် သီတင်းသုံးလျှက်ရှိသည်ဟု သိရသည်။

From : ကေအိုင်စီ သတင်းဌာန

Leave a Reply